Genius Coffee
Fine Ground 110g
Price : 2600

ID#5574

Genius Shan Highlands Coffee ကို မြန်မာနိုင်ငံတွင် ပထမဆုံး USDA နှင့် EU Certificate
လက်မှတ်ရ Organic Coffee များကို ထုတ်လုပ်ဖြန့်ချိရောင်းချနေသော
အောင်နေလင်းထွန်းကုမ္ပဏီလီမိတက် (Genius Shan Highlands Coffee) လုပ်ငန်းမှ
ထုတ်လုပ်ထားပါသည်။

နိုင်ငံတကာ အသိအမှတ်ပြု Food Safety System Certification FSSC
22000 ကို ရရှိထားပြီး မြန်မာနိုင်ငံ၌အကြီးဆုံး ကြိတ်ခွဲစက်ရုံဖြင့် ကော်ဖီပင်စိုက်ပျိုးခြင်းကနေ
ကော်ဖီတစ်ခွက်ဖြစ်လာသည်အထိ အဆင့်ဆင့်တိုင်းကိုနိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ
အရည်အသွေးမြင့် သဘာဝကော်ဖီစစ်စစ်ကို ထုတ်လုပ်ဖြန့်ချိလျက်ရှိပါသည်။

Genius ကော်ဖီကို ရှမ်းကုန်းမြင့်ဒေသ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀
ကျော်တွင် ရိုးရာနည်းလမ်းအတိုင်း အရိပ်ရအပင်များအောက်တွင် စိုက်ပျိုးထားခြင်းဖြစ်ပါသည်။
ကော်ဖီစိုက်ခင်း၊ ခူးဆွတ်ရာနေရာမှ လှော်သည်အထိမြေသြဇာ၊ ပိုးသတ်ဆေး၊ ဓါတုဆေးဝါးများ၊
အရောင်တင်ဆေးများကို လုံးဝမသုံးစွဲဘဲ သဘာဝအတိုင်းရရှိသည့်ကော်ဖီကိုသာ
စနစ်တကျအသုံးပြုထားသောကြောင့် အကောင်းဆုံးကော်ဖီတစ်ခွက်ကိုရွေးခြယ်ဖို့ဆိုလျှင် ကျွန်တော့်တို့ ရဲ့ ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီကို မမေ့နဲ့နော်